ပြတ်ရာရှရာအမာရွတ် Keloid Scar ကို ဒီလိုကု

By the mix | May 11, 2025 in Body Care | 0 comments

😿🙌🏻 အသားအရေက ဒဏ်ရာရသွားတဲ့အခါမျိုးမှာ Self Healing လုပ်ပြီး တဖြေးဖြေးနဲ့အနာကျက်ကြပါတယ်။ အနာကျက်တဲ့အချိန် အရေပြားထဲမှာ Collagen တွေက လိုတာထပ်ပိုပြီး ထွက်လာတဲ့အတွက်ကြောင့်မလို့ Keloid Scar တွေဖြစ်ပေါ်လာကြပါတယ်။

😿🙌🏻 အသားအရေက ဒဏ်ရာရသွားတဲ့အခါမျိုးမှာ Self Healing လုပ်ပြီး တဖြေးဖြေးနဲ့အနာကျက်ကြပါတယ်။ အနာကျက်တဲ့အချိန် အရေပြားထဲမှာ Collagen တွေက လိုတာထပ်ပိုပြီး ထွက်လာတဲ့အတွက်ကြောင့်မလို့ Keloid Scar တွေဖြစ်ပေါ်လာကြပါတယ်။

ဒါကြောင့် ဒီလိုမျိုးအရေပြားပေါ်မှာအသားအထပ်အမာရွတ် ဖြစ်လာတယ်ဆိုလိုရှိရင် ဒီလိုနည်းလမ်းတွေကိုအသုံးပြုပြီး ဖြေရှင်းနိုင်ပါတယ်။

  1. Silicone Gel/ Sheet

အရေးကြီးဆုံးက စစဒဏ်ရာဖြစ်ခါစသက်သာနေတဲ့အချိန်ပါ။ ကိုယ်က ဒီလို Keloid Scar မျိုးဖြစ်တတ်တဲ့အသားအရေမျိုးဆိုရင် Silicone Gel/ Sheet ကိုသုံးပေးပြီး အသားအထပ်ဖြစ်တာကိုလျော့ချဖို့လိုအပ်ပါတယ်။

  1. Injections & Aesthetic Treatments

အဲ့လိုမှမဟုတ်ဘဲ ကိုယ့်လက်ရှိ Keloid scar ကလည်းကြီးနေမယ် ဒါကိုဖျက်ချင်တယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့တိုင်ပင်ပြီး လေဆာပစ်တာ၊ ဆေးထိုးတာ၊ အခြားအဆင့်မြင့်နည်းပညာတွေသုံးပြီးတော့ ဒါကိုဖယ်ဖျောက်တာမျိုးလုပ်ပေးနိုင်ပါတယ်။

ဒါပေမယ့် တကယ်ကိုကျွမ်းကျင်တဲ့အလှအပဆိုင်ရာဆရာဝန်တွေနဲ့ ပြုလုပ်ဖို့မမေ့ပါနဲ့နော် 🫶🏻 တစ်ခုသတိပြုရမှာက ဆေးထိုး၊ ခွဲစိတ် ကုသမှုခံယူသော်လည်း လုံးဝ တသက်လုံးပြန်မဖြစ်တော့တာမဟုတ်ဘဲနဲ့ ပြန်ဖြစ်နိုင်ချေအနည်းငယ်ရှိသေးတာကိုလည်း သိထားဖို့လိုအပ်ပါတယ်။

ဒါဆိုလို့ရှိရင် Keloid Scar နဲ့ ပတ်သက်ပြီးဘယ်လိုကုသရမလဲဆိုတာ သိသွားကြလောက်ပြီထင်ပါတယ်။ ဒီ Post လေးက Mixies တို့အတွက်အကျိုးရှိစေမယ်ဆိုရင် Like & Share လုပ်ခဲ့ဖို့ မမေ့ပါနဲ့နော်။

0 comments
Leave a comment

FREE SHIPPING (RETAIL)

Over MMK 60,000 for Yangon
Over MMK 120,000 for other towns

FREE SHIPPING (WHOLESALE)

Over MMK 550,000 for Yangon and other town highway stations.

OFFICE NUMBER

WHERE TO BUY