ဆံပင်အရှည်မြန်စေမယ့် အမူအကျင့်လေးများ

By the mix | September 07, 2022 in Hair Care | 1 comments

ဆံပင်အရှည်မြန်ချင်သူတိုင်း လိုက်နာသင့်တဲ့ အချက်‌‌ ရှစ် ချက်။

(၁) ဦးရေပြား အာဟာရဖြည့်ခြင်း။ 

ဦးရေပြားအားရှိမှ ဆံပင်အရှည်မြန်မှာဖြစ်ပါတယ်။ 

(၂) ဆံပင်အဖျားကို ဆီလိမ်းခြင်း။ 
ဆံပင်အဖျားတွေက ခြောက်သွေ့လွယ်တဲ့အတွက် ဆီလိမ်းပြီး သန်စွမ်းအောင်လုပ်နိုင်ပါတယ်နော်။ 

(၃) ဦးရေပြားသန့်ရှင်းအောင်ထားခြင်း။
သန့်ရှင်းတဲ့ဦးရေပြားမှာပဲ သန်မာတဲ့ဆံပင်တွေပေါက်နိုင်တာဖြစ်တဲ့အတွက် Scalp သန့်ရှင်းအောင် ခေါင်းပုံမှန်လျှော်ပြီး Scalp Scrub လေးပုံမှန်သုံးပေးပါနော်။

(၄) အစာအာဟာရ ပြည့်ဝမျှတအောင်စားခြင်း။
ခန္ဓာကိုယ်အတွင်းထဲက အာဟာရတွေကလည်း ဆံသားအရှည်မြန်မှုအပေါ်သက်ရောက်တာကြောင့် well balanced diet ဖြစ်အောင် စားသုံးပေးပါ။ 

(၅) Chemical Treatment တွေ နဲ့ အပူပြင်းသုံးရတဲ့ ကောက်ချောင်း၊ ဖြောင့်စက်တွေကို မကြာခဏ အသုံးမပြုခြင်း။
ဆံပင်အားသန်စေချင်ရင် ဆံပင်ကိုအားနည်းစေတဲ့အရာတွေကို ဝေးဝေးရှောင်ရမယ်နော်။ ဒါမှ ဆံပင်အားနည်းပြီး အရှည်နှေးတာ၊ ပြတ်ထွက်တာတွေဖြစ်မလာမှာပါ။ 

(၆) ရေစိုနေတဲ့ ဆံပင်ကို ဘီးမဖြီးခြင်း။
ပြတ်ထွက်တာမျိုးတွေထိ ဖြစ်နိုင်တာမလို့ ရေစိုနေတဲ့ဆံပင်ကို ဘီးမဖြီးပါနဲ့နော်။

(၇) Stress မပိအောင်နေခြင်း။ 
စိတ်ဖိစီးရင် ဆံပင်တွေကျွတ်တယ်၊ မကျွတ်တဲ့ဆံပင်တွေကလည်း အရှည်နှေးကုန်တယ်။ ဒါကြောင့် stress လျှော့ဖို့ကလည်း အရေးကြီးပြန်ပါတယ် ရှင်။ 

(၈) ကျန်းမာအောင် ဂရုတစိုက်နေထိုင်ခြင်း။
ကျန်းမာရေးကောင်းမှပဲ၊ ဆေးဝါးအပြင်းတွေ မသောက်ရမှာပါ။ တချို့ဆေးတွေက ဆံပင်ကျွတ်တာတွေဖြစ်စေတတ်တယ်လေ။


ဒီအပြုအမူလေးတွေကို ဂရုတစိုက်လိုက်လုပ်ပေးမယ်ဆို mixies တို့ haircare, scalpcareတဲ့နေရာမှာ ဆံပင်အရမ်းရှည်မြန်မလာရင်တောင် ကျန်းမာသန်စွမ်းလာမှာ အသေအချာပါပဲနော်။ 


1 comments
Ye Yint

April 21, 2025 at 4:52 PM

ဆံပင်အရှည်မြန်ချင်တယ်😔

Leave a comment

FREE SHIPPING (RETAIL)

Over MMK 60,000 for Yangon
Over MMK 120,000 for other towns

FREE SHIPPING (WHOLESALE)

Over MMK 550,000 for Yangon and other town highway stations.

OFFICE NUMBER

WHERE TO BUY